Saturday 26 November 2011

အင်းလေး - ၁ ( ဟဲဟိုး )





ခရီးသွားဖို့ ရတဲ့ အချိန်နည်းတာကြောင့် လေယဉ်နဲ့ပဲ အင်းလေးကို သွားဖို့စီစဉ်ဖြစ်တယ် ။ ရန်ကုန်ကနေ ဟဲဟိုး ကို အရင်သွား ၊ ဟဲဟိုးကနေ တောင်ကြီး ကိုသွား ၊ တောင်ကြီးကနေ ညောင်ရွှေကို ပြန်ဆင်း ၊ ညောင်ရွှေကနေ အင်းထဲကို စက်လှေနဲ့သွားဖို့ ကျနော်တို့ကို စီစဉ်ပေးတယ် ။ လေယဉ်အတွက် ရန်ကုန် အဲဝေးက ဈေးတွေချတယ်လို့ပြောလို့ ဝယ်လိုက်တယ်။  ရန်ကုန် အဲဝေး ကသွားရတာ အဆင်ပြေတယ် ။ လေယဉ်ပေါ်မှာ ကျွေးတဲ့ အစားအသောက်လည်း ကောင်းတယ် ။ ( ကြော်ငြာခတပြားမှ မရထားပါ ။ :) ခရီးသွားလည်းများတယ် ။ နိုင်ငံခြားသားရော ၊ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားတော်တော်များပါတယ် ။ လေယဉ်က ဟဲဟိုးကို ဝင်တော့ ပန်းချီဆရာတွေ ဆွဲတဲ့ ရှမ်းပြည်ရဲ့ တောင်တန်း ၊ စိုက်ခင်း အလှတွေကို တွေ့ရတယ် ။ အစိမ်း ၊ အဝါ ၊ အနီ ၊ အညိုနဲ့ အရောင်စုံလှတယ် ။ လေယဉ်ပြတင်းပေါက်ကနေ ဓါတ်ပုံရိုက်ထားလိုက်တယ် ။












No comments:

Post a Comment