Saturday 10 December 2011

အင်းလေး အမှတ်တရ အနုပညာလက်ရာ - ၃

ရွှေအင်းတိန် ဘုရာဇောင်းတန်း




ရွှေအင်းတိန် ဘုရားကို ရောက်တဲ့ အခါ ပါးစပ်ရာဇဝင် တစ်ခုကြားရပါတယ် ။ ရှေ့ဖြစ်ကိုကြိုတင်တွက်ချက်ဟောပြောနိုင်တဲ့  ရှေးဟောင်းကျမ်းတစ်စောင်ဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ် ။ အဲသည့် ကျမ်းကို တွေ့သူတယောက်က ဘယ်လို့အသုံးချရမယ်မှန်းမသိလို့ တခြားတယောက်ကိုရောင်းလိုက်ပါတယ် ။




ဝယ်ယူသွားတဲ့သူကလည်း ဒီဘက်ခေတ်မှာ နိုင်ငံခြားသားပညာရှင်တွေ ၊ ဧည့်သည့်တွေ ဝယ်ယူတယ်ကြားလို့ ရောင်းဖို့စီစဉ်ပါတယ် ။ ဒါပေမယ့် သူကစီးပွားရေးအမျှော်အမြင်ရှိလို့ မူရင်းကျမ်းကို မိတ္တူတစ်ခုပွားလိုက်ပြီး သိမ်းထားလိုက်ပါတယ် ။ ရောင်းတဲ့အခါမှာလည်းသူက ကျမ်းတစ်စောင်လုံးကို တစ်ခါတည်းပုတ်ပြတ်မရောင်းဘဲ ကိုရီးယားဇာတ်လမ်းတွဲတွေလို တစ်ရွက်စီခွဲရောင်းပါတယ် ။

ကျမ်းရဲ့ တန်ဖိုးကို သိသူတွေကလည်း သည်းကြီးမည်းကြီး မူရင်းကျမ်းနောက်ကို လိုက်ကြပါတယ် ။ ဒါပေမယ့် သူတို့ ရင်ဆိုင်ဖြေရှင်းရမယ့်အခြေအနေက အခက်ကြီးတွေဖြစ်နေပါတယ် ။

တစ်စစီ ၊ တစ်ရွက်စီဖြစ်သွားတဲ့ ကျမ်းကို မူရင်းအတိုင်းပြန်ဖြစ်အောင် ဘယ်လိုပြန်စီမလဲ ။

နောက်ထပ်အခက်ကြီး တစ်ခုက မူရင်း ကျမ်းကို  မိတ္တူကားထားတဲ့ မူကွဲမိတ္တူ တစ်စောင်ကလည်း ၊ စီဒီတွေ ကူးသလို ထပ်ပွားပြီး ကိုယ်အဆင်ပြေသလို တည်းဖြတ်ရောင်းချနေလို့ဝယ်ယူနိုင်တဲ့ကျမ်းဟာ မူရင်းလား မိတ္တူလားမသိဖြစ်ကုန်ကြပါတယ် ။

ဒါနဲ့ ကျနော်လည်း မရှင်းတာလေးရှိလာလို့ မေးကြည့်ပါတယ် ။ မူရင်း ကျမ်းကြီးထဲက တွက်နည်းချက်နည်းတွေက ဘာတွေတွက်ချက်လို့ရသလဲလို့ မေးကြည့်ပါတယ် ။  စတော့ဈေး အတက်အကျတွေကိုလည်း တွက်လို့ရတယ်လို့ ပြန်ဖြေပါတယ် ။ ကျနော်လည်း စိတ်ဝင်စားပြီး တစ်ပိုင်းဖြတ်ဝယ်လာလိုက်ပါတယ် ။ ဒါပေမယ့် မူရင်းလား ၊ မိတ္တုလား သိပ်မသေချာဘူး ။ ဖတ်လို့ကလဲမရတော့ တတ်သိသူများကိုသာ အကူအညီတောင်းဖို့ပဲရှိတော့တယ် ။



(ကျနော်ဝယ်လာသော  ကျမ်း ( ပေစာ၊ ပုရပိုက်စာ)) ။














ကျနော်ကတော့ ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို စိတ်ဝင်စားပါတယ် ။



ရွှေအင်းတိန် ဘုရား ငါးရက်ဈေးတွင်ရောင်းချနေသာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ( Indiana Jones ဆီမှာလည်း ရှိလောက်တယ်လို့ယူဆရသော စာများ ၊ အရုပ်များ ။)







ရွှေအင်းတိန် ဘုရား ငါးရက်ဈေး တွင်ရောင်းချနေသော အမှတ်တရလက်ဆောင်ပစ္စည်းများ

No comments:

Post a Comment