Monday 12 December 2011

Chinatown 2 ( @ Yangon )

ဟုတ်ကဲ့ ။ ကဗျာဆရာကြီး သုခမိန်လှိုင် ရဲ့ လက်နှိပ်ဓါတ်မီး ထိုးပြီးရေးတဲ့ကဗျာ စာအုပ်ထဲမှာလည်း ရန်ကုန် Chinatown မှာ ရိုက်ထားတဲ့ ပုံတစ်ပုံ ပါပါတယ် ။ ဝါသနာအရ ဓါတ်ပုံရိုက်သူ ကျနော့်အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ သိပ်မလွယ်လှပါဘူး ။ အနီးကပ်လိုချင်တဲ့ ပုံတွေကျရင် ခွင့်ပြုချက်အရင်တောင်းပါတယ် ။ ခွင့်ပြုချက်ရမှ ရိုက်ခဲ့ပါတယ် ။

အောက်ကဓါတ်ပုံထဲက အကောင်လေးတွေကို သင်ပေါင်းပိုး ၊ သစ်ပေါင်းပိုး စသဖြင့်ခေါ်တယ်လို့ပြောပါတယ် ။ ကျနော်ကိုယ်တိုင်လည်း နာမည်အမှန်က ဘယ်လိုခေါ်မှန်းမသိဘူး ။ အဲသည့် အကောင်လေးတွေကို တချို့လည်း မစားရဲပါဘူး ။ ဒါပေမယ့် ဘီယာ နဲ့ ထိုင်မြည်းတဲ့လူလည်းရှိပါတယ် ။ ဗန်းထဲထည့်ထားတဲ့ အကောင်တွေက အရှင်တွေဖြစ်ပြီး ၊ ငြိမ်ငြိမ်မနေတတ်ဘဲ ၊ လူပ်စိလူပ်စိ လုပ်နေတတ်တဲ့သဘာဝကြောင့် မစားရဲဘူးလို့ပြောတာကြားဖူးပါတယ် ။
















လှလှပပ မပြင်ဆင်ရသေးခင်တွေ့ရတဲ့ ဝက်သားဒုတ်ထိုးဆိုင်ဖြစ်ပါတယ် ။ တချို့ကလည်း အပြင်အဆင် နဲ့ သန့်ရှင်းမူ ကို သေချာကြည့်သူတွေရှိပါတယ် ။ လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့ စီးတီးမတ်လိုနေရာမျိုးတွေမှာ ပဲမြစ်ပြုတ်တို့ ၊ ဒညင်းသီး အုန်းနို့စမ်းတို့ကို အလွယ်တကူ ဝယ်ယူနိုင်လာတာကိုတွေ့ရပါတယ် ။

မဆီမဆိုင် ကဗျာဆရာကြီး ( ဦး ) အောင်ချိမ့် ရဲ့ ကဗျာ အပိုင်းအစလေးကို ကိုးကားလိုက်ပါတယ် ။

“ အချစ်ကို ကြည်ပျော်ရူပျော် ဖြစ်အောင်တော့
သူမဟာ တင်ပြတတ်လေတယ်
ဒါကြောင့် ငါ
မင်း ကို အငွေ့ မပြယ်နိုင်တာပေါ့ကွယ် ။”

( ဘဲငန်းပစ်ရန် မိတ်ဆွေ အမျိုးသမီးတစ်ဦး နှင့် တွေ့ရန်နှင့် ကျွန်တော့်အကြောင်းဖုံးကွယ် ရန်လာခြင်း ) ကဗျာမှ






Youtube ပေါ်မှာတင်ထားတဲ့ Yangon Chinatown နဲ့သက်ဆိုင်တဲ့ ဗီဒီယိုကလစ်လေးတွေကို ဒီစာမရေးခင် ကြည့်ဖြစ်ပါတယ်  ။ ရိုက်ထားတဲ့သူက အစားအသောက် ကိုင်တဲ့ ဆိုင်ရှင်လက်တွေ ၊ ပန်းကန်တွေ ၊ အစားအသောက်ပြင်ဆင်ပေးပုံတွေကို အထူးပြုရိုက်ထားတာကိုတွေ့ရပါတယ် ။

ကမ္ဘာကျော် ဓါတ်ပုံဆရာတွေက  သူတို့( တယောက်ခြင်း ဒါမှမဟုတ် ထင်ရှားတဲ့ ဓါတ်ပုံဆရာတွေစုပြီး ) မြန်မာနိုင်ငံကိုသွားပြီး ၊ သူတို့နဲ့အတူ  ဓါတ်ပုံပညာအလုပ်ရုံ တွေ အတူတကွလုပ်ဖို့ အစီအစဉ်တွေကို သူတို့ရဲ့  ဆိုဒ်တွေမှာ ရေးသားထားတာကို ဖတ်ဖူးပါတယ် ။ ဓါတ်ပုံပညာလေ့လာသူများ ၊ ဝါသနာရှင်များ ၊ ဓါတ်ပုံပညာရှင်များ က အဲသလိုအစီအစဉ်ကို လိုက်ပါပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း တွေ့ရပါတယ် ။

No comments:

Post a Comment