Tuesday 29 November 2011

မြစ်ဆိပ် ( မန္တလေး )

ဆရာ တင်မောင်ဦး ( မန္တလေး) ပန်းချီကားကိုကူးဆွဲလေ့လာခြင်း


၂၀၀၉ ခုနှစ်လောက်က မန္တလေးမှ နာမည်ကျော်ပန်းချီဆရာ (ဦး) တင်မောင်ဦး ( မန္တလေး ) ရဲ့ ပန်းချီကားကို ကူးယူလေ့လာထားတဲ့ပုံဖြစ်ပါတယ် ။ ပန်းချီကားကမပြီးသေးပါဘူး ၊ လေ့လာရင်း တခြားအလုပ်များပေါ်လာလို့ ရေးလက်စဖြစ်ပါတယ် ။ ဒီနေရာမှာ တခုတောင်းပန်စရာရှိတာက ၊ ဆရာ ဦးတင်မောင်ဦးကို ဒီကူးဆွဲလေ့လာမူအတွက် အသိမပေးခဲ့ခြင်းဖြစ်ပါတယ် ။ မူရင်းပန်းချီကားကို အွန်လိုင်းပန်းချီပြခန်းတစ်ခုကနေ တွေ့တာဖြစ်ပါတယ် ။ လေ့လာကူးဆွဲပြီး ဒီအတိုင်းထားမှာဖြစ်ပါတယ် ။ ( ကူးဆွဲပြီး ပြန်ရောင်းဖို့မဟုတ်ပါ)

အဲသည့်ပန်းချီကားကို ကူးဆွဲနေတုန်း နဲ့ မကူးဆွဲခင်မှာ မြစ်ဆိပ်က လှေ ၊ သင်္ဘောတွေ ၊ ကိုဓါတ်ပုံရိုက်ခြင် ၊ ကြည့်ခြင်စိတ်ဖြစ်မိပါတယ် ။ ၂၀၁၁ မှာရန်ကုန်ကိုရောက်တော့ ဂျာနယ်တွေဝယ်ဖတ်ဖြစ်ပါတယ် ။ ကျနော်မှတ်မိသလောက် မော်နီတာ ဂျာနယ် ( အဟောင်းတစ်စောင်) မှာ မြန်မာပန်းချီဆရာများ အောက်ဒိုးထွက်ပြီး ပန်းချီရေးတဲ့အကြောင်းဆောင်းပါးတစ်ပုဒ်ကိုတွေ့တော့ မေ့လုလုဖြစ်နေတဲ့ စိတ်ကူးကိုပြန်ဆွပေးသလိုဖြစ်ပါတယ် ။ အဲဒါနဲ့ပဲ မန္တလေးကိုရောက်တော့ အကို တစ်ယောက်ကို အကူအညီတောင်းပြီး ဓါတ်ပုံသွားရိုက်ခဲ့တာပါ။ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ် ။








Monday 28 November 2011

တိမ်တွေနဲ့ နီးနေတဲ့မြို့ (သို့) တောင်ကြီး



တောင်ကြီးဈေး ကိုရောက်တော့ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ် ။ ကျနော်လည်း ထင်ရာမြင်ရာတွေလျှောက်ရိုက်ပါတယ် ။ အခု ဘလော့ပေါ်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေတင်မယ်လုပ်ရင်း ဓါတ်ပုံတွေပြန်ကြည့်တော့ တိမ်တွေကို မျက်စိကရောက်ရောက်သွားတယ် ။ ကျနော့်မျက်စိထဲတော့ တိမ်တွေလှတယ်ဗျာ ။ အမှတ်တရရိုက်ခဲ့တဲ့ပုံတွေထဲက တချို့ကိုတင်လိုက်ပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဗိုက်ကဆာလာတာကိုမှတ်မိနေတယ် ။  အေးသာယာမှာ အမြည်းလွန်သွားတာတော့မဟုတ်လောက် :)

 



အေးသာယာ



အေးသာယာ ဝိုင်ချက်တဲ့ နေရာကိုရောက်တော့ နေလည် ၂ နာရီကျော်ကျော်လောက်ဖြစ်နေပေမယ့် နေသိပ်မပူဘူးလို့ခံစားရတယ် ။ ပတ်ဝန်းကျင်ကလှတယ် ။ တိမ်တွေ ၊ တောင်တွေ နဲ့ လှနေတယ် ။ 


drawings ( မြန်မာမူလက်ရာများ ၊ ဘုရားစေတီများ )

ဟဲဟိုး-တောင်ကြီး လမ်းမပေါ်ကနေ အေးသာယာဝိုင် ချက်စက်ရုံကိုသွားတဲ့ အကြောင်းရေးနေရင်းက စိတ်ဖောက်လာပြီး တခြားပုံတွေတင်ချင်လာတယ်။ တောင်ကြီးမြို့မှာ တစ်နေရာ ၊ နှစ်နေရာ လည်ခဲ့တယ် ။ အဲသည့်အကြောင်းရေးရင် တောင်ကြီး (သို့မဟုတ်) တိမ်တွေနဲ့နီးနေတဲ့မြို့လို့ ခေါင်းစဉ်တပ်မယ်လို့ စိတ်ကူးထားတယ် ။ ကျန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်က ဆွဲထားတဲ့ ဘုရားပုံ နဲ့ တခြားမြန်မာမူလက်ရာပုံလေးတွေကို အခုတင်ချင်စိတ်ဖြစ်လို့ တင်လိုက်ပါတယ် ။







Sunday 27 November 2011

၁၁၅ မိုင် ယဉ်ရပ်နားစခန်း ( ရန်ကုန်- နေပြည်တော်-မန္တလေး လမ်းမကြီး)


 ( မန္တလေး - နေပြည်တော်- ရန်ကုန်) အဝေးပြေးလမ်းမကြီး ရဲ့ ၁၁၅ မိုင် ယဉ်ရပ်နားစခန်း ။ ညနေစောင်းတော့ ယဉ်ရပ်နားစခန်းက ဆိုင်တွေကဖွင့်တဲ့ မီးရောင်တွေ ၊ ရောင်စုံမီးသီးတွေက တော်တော်လှတယ် ။ ဓါတ်ပုံတွေ အမှတ်တရရိုက်ထားလိုက်ပါတယ် ။


မန်းမြေမှာ တစ်ညတာ

ကျနော် မန္တလေးကိုရောက်သွားချိန်မှာ ပေါက်နေတဲ့ လူပြောများတဲ့ အဆိုတော် (ဗီဒီယို အခွေ)ကတော့ မြန်မာပြည်သိန်းတန် ဖြစ်ပါတယ် ။ ဒီပိုစ့်ခေါင်းစဉ်ကို သူ့ရဲ့ နာမည်ကျော် မန်းမြေမှာလေးနှစ်တာ ကို တုပပြီး ပေးလိုက်ပါတယ် ။ ၁၉၄၅ ခုနှစ်မှာ မြန်မာပြည် သိန်းတန်ကိုမွေးဖွားခဲ့ပါတယ်လို့ သိရပါတယ် ။ သူ့အကြောင်းအပြောများတာတွေထဲကတစ်ခုကတော့ ( သီချင်းဆိုတော်တာတွေအပြင်) သူစင်ပေါ်မှာ ဧည့်ခံဖျော်ဖြေစဉ် ဝတ်စဉ်ခဲ့တဲ့ အင်္ကျီများအကြောင်း ဖြစ်ပါတယ် ။





ထန်းရိပ်ညို ( ပန်းချီ အနုပညာ အရောင်းပြခန်း )



မြန်မာပန်းချီဆရာ ၊ ကဗျာဆရာများ နှင့် ဆက်နွယ်နေတဲ့မန္တလေးမြို့မှ နာမည်ကျော် ထန်းရိပ်ညို ( ပန်းချီ အနုပညာအရောင်းပြခန်း ) ကို သူငယ်ချင်းတယောက်နဲ့ ရောက်သွားပါတယ် ။ မနက်ပိုင်း စောစောဖြစ်နေတာကြောင့် ပြခန်းမှာ လူရှင်းနေပါတယ် ။

ပန်းချီဆရာကြီး ဦးခင်မောင်ရင် ရဲ့ ပန်းချီကား ၂ ကားကို လည်းတွေ့ရပါတယ် ။ တခြား ခေတ်ပေါ်ပန်းချီဆရာများရဲ့ ပန်းချီကားများကိုလည်းချိတ်ဆွဲထားပါတယ် ။ ရေဆေးပန်းချီကားများကို ပြခန်း တစ်ခု ခွဲပြီးသပ်သပ်ပြထားပါတယ် ။ ခေတ်ပြိုင်၊ ခေတ်ပေါ်ပန်းချီများကိုလည်း သပ်သပ်ခွဲပြထားပါတယ် ။ နောက်ဆုံးအကြိမ်ရောက်ခဲ့တာ ကျန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်ပါတယ် ။ အဲသည့်တုန်းက ကင်မရာမပါသွားခဲ့ဘူး ။ အခု အမှတ်တရအနေနဲ့ ဓါတ်ပုံတချို့ရိုက်ခဲ့ပါတယ် ။ ပုံတချို့ကို ဘလော့ပေါ်တင်လိုက်ပါတယ် ။


ဟဲဟိုး - တောင်ကြီး လမ်းမပေါ်





ထီးလုပ်တဲ့ ဆိုင်ကနေထွက်လာပြီး တောင်ကြီး မြို့ ကို သွားပါတယ် ။ လမ်းမှာ နိုင်ငံခြားသားဧည့်သည်တော်တော်များများ စက်ဘီးတွေနင်းပြီး တောင်ကြီး ဘက်သွားနေတာကိုတွေ့ရပါတယ် ။ လိုက်ပို့ပေးတဲ့ အကိုပြောပြတာကတော့ စက်ဘီးတွေနဲ့ တောင်ကြီးမြို့ ပတ်ဝန်းကျင်က မြို့တွေ ၊ နေရာတွေကို သွားလည်ကြတယ် ။ အဲသည့်အတွက် ဝန်ဆောင်မူပေးတဲ့ အေဂျင်ဆီတွေ ၊ တိုးဂိုက် ( ဧည့်လမ်းညွန်) တွေ ၊ တောင်ကြီးမြို့ပေါ်မှာရှိတယ်လို့ ဆိုပါတယ် ။

နိုင်ငံခြားသားဧည့်သည်တွေက အဲသလို သွားရတာကို ပိုနှစ်သက်တယ်လို့လည်း သူကပြောပါတယ် ။ အန္တရယ် ၊ လုံခြုံမူလည်း ရှိပါတယ် ။ ဒါပေမယ့် တလောက ဖြစ်သွားတဲ့ ဆိုင်ကယ်ကယ်ရီ သမားနဲ့ ဂျပန်ဧည့်သည်အမျိုးသမီး မူခင်းအကြောင်းကိုလည်း သူတို့ကြားသိရပေမယ့် အခုထက်ထိ ဒီဒေသမှာ အဲသလို အမူအခင်းမျိုးမရှိသလောက်ရှားလွန်းပါတယ်လို့ သူကကျနော့်ကိုရှင်းပြပါတယ် ။

စက်ဘီးပေါ်က လွတ်လပ်ပျော်ရွင်နေတဲ့ ပုံရိပ်တွေကိုဓါတ်ပုံရိုက်ရင်း ပျော်ရွင်မူကို ရှာဖွေပုံခြင်း ၊ ရှာဖွေတဲ့ နယ်ပယ်ခြင်းမတူကြပုံ  အကြောင်း ခေါင်းထဲရောက်လာပါတယ်။  တောင်ကြီး မရောက်ခင် အေးသာယာ ဝိုင်ချက်စက်ရုံ ကို ဝင်ဖို့သူကအကြံပြုပါတယ် ။ နာမည်ကျော် အေးသာယာ ဝိုင်တွေလုပ်တဲ့ နေရာဆီ မရောက်ခင် ရိုက်ထားခဲ့တဲ့ ပုံတချို့ကို တင်လိုက်ပါတယ် ။


ဟဲဟိုး-၂ ( ရိုးရာထီး လုပ်ငန်း )



ဟဲဟိုး လေဆိပ်မှာ လေယဉ်ပေါ်က ဆင်းတော့ ပတ်ဝန်းကျင်က အရမ်းမအေးဘူး ၊ နေလဲသာတယ် ၊ နေလို့ကောင်းတယ် ။ ဓါတ်ပုံတွေ အုန်းအုန်းထ ရိုက်ကြတယ် ။ သူများနည်းတူ ဓါတ်ပုံတွေလိုက်ရိုက်လိုက်တယ် ။ လေဆိပ်ထဲမှာ ရှေးဟောင်းစက်ပစ္စည်း ( အသုံးအဆောင်) တွေကို ဆေးသုတ်ပြီး ထားထားတယ် ။ နိုင်ငံခြားသားတွေက အဲသည့်ပစ္စည်းတွေကို ဓါတ်ပုံရိုက်ကြတယ် ။ ကျနော်လည်း ရိုက်ခဲ့တယ် ။ ဘာပစ္စည်းလဲ ၊ ဘာအတွက်သုံးတာလဲဆိုတော့ မသိဘူး ။






ဟဲဟိုးမြို့နဲ့တောင်ကြီးမြို့ကိုဆက်ထားတဲ့ကားလမ်းမကြီးပေါ်က အိမ်လေးတွေ ။

လေဆိပ်ကထွက်တဲ့လမ်းတလျှောက်မှာ လေယဉ်လက်မှတ်ရောင်းတဲ့ အေဂျင်စီတွေကိုတွေ့ရတယ် ။ အရင်ကရောက်ဖူးတဲ့ နောင်ချိုမြို့လိုပဲ ။ လှတယ် ။ ဟဲဟိုးကနေ တောင်ကြီးကို ၁ နာရီလောက်ကားမောင်းရတယ်လို့ လိုက်ပို့ပေးတဲ့အကိုက ပြောပြတယ် ။ လမ်းမှာ ရိုးရာထီးလုပ်ငန်း ဆိုင်လေး ၂ ဆိုင်ရှိတယ်လို့လည်းပြောတယ် ။ ဒါနဲ့ပဲ ဓါတ်ပုံရိုက်ချင် ၊ မြင်ဖူးချင်တာနဲ့ ဝင်လိုက်တယ် ။ ဆိုင်ပိုင်ရှင်က သူကိုယ်တိုင် ထီးတလက်ကို လက်တွေ့လုပ်ပြတယ် ။


Saturday 26 November 2011

အင်းလေး - ၁ ( ဟဲဟိုး )





ခရီးသွားဖို့ ရတဲ့ အချိန်နည်းတာကြောင့် လေယဉ်နဲ့ပဲ အင်းလေးကို သွားဖို့စီစဉ်ဖြစ်တယ် ။ ရန်ကုန်ကနေ ဟဲဟိုး ကို အရင်သွား ၊ ဟဲဟိုးကနေ တောင်ကြီး ကိုသွား ၊ တောင်ကြီးကနေ ညောင်ရွှေကို ပြန်ဆင်း ၊ ညောင်ရွှေကနေ အင်းထဲကို စက်လှေနဲ့သွားဖို့ ကျနော်တို့ကို စီစဉ်ပေးတယ် ။ လေယဉ်အတွက် ရန်ကုန် အဲဝေးက ဈေးတွေချတယ်လို့ပြောလို့ ဝယ်လိုက်တယ်။  ရန်ကုန် အဲဝေး ကသွားရတာ အဆင်ပြေတယ် ။ လေယဉ်ပေါ်မှာ ကျွေးတဲ့ အစားအသောက်လည်း ကောင်းတယ် ။ ( ကြော်ငြာခတပြားမှ မရထားပါ ။ :) ခရီးသွားလည်းများတယ် ။ နိုင်ငံခြားသားရော ၊ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားတော်တော်များပါတယ် ။ လေယဉ်က ဟဲဟိုးကို ဝင်တော့ ပန်းချီဆရာတွေ ဆွဲတဲ့ ရှမ်းပြည်ရဲ့ တောင်တန်း ၊ စိုက်ခင်း အလှတွေကို တွေ့ရတယ် ။ အစိမ်း ၊ အဝါ ၊ အနီ ၊ အညိုနဲ့ အရောင်စုံလှတယ် ။ လေယဉ်ပြတင်းပေါက်ကနေ ဓါတ်ပုံရိုက်ထားလိုက်တယ် ။

အင်းလေး



ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က အင်းလေး ဒေသကို သွားလည်ပြီး ၊ အင်းလေးဒေသက ဘုရားတွေကို ဖူးချင်စိတ်ပေါက်ခဲ့ပါတယ် ။ မြန်မာပန်းချီဆရာ ကို ငြိမ်းချမ်းဆု ရဲ့ အင်းဒိန် ဘုရား တွေကို ဆွဲထားတဲ့ ပန်းချီကားတွေကို ရန်ကုန် ကမ္ဘာအေးဘုရားလမ်းမပေါ်က ပန်းချီပြခန်းတစ်ခုမှာတွေ့ခဲ့ဖူးတယ် ။ တော်တော်ကြီးတဲ့ ပန်းချီကားတွေဖြစ်ပြီး အရောင်တွေကလည်းလှတယ် ။ စုတ်ချက်ကြီးတွေကလည်း ကြီးကြီး နဲ့အားရစရာကောင်းလှတယ် ။ တခြား နာမည်ကျော် ပန်းချီဆရာတွေကလည်း အင်းလေး ဒေသကပုံရိပ်တွေကို ရေးဆွဲတယ်မဟုတ်လား ။

။ Inle ဆိုပြီး အင်တာနက်မှာ ရိုက်ထည့်လိုက်တဲ့အခါ နိင်ငံတကာခရီးသွားဧည့်သည်တွေ ၊ ဓါတ်ပုံဆရာတွေရိုက်ထားတဲ့ပုံတွေပေါ်လာပါတယ် ။တချို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကလည်း တော်တော်လှတယ် ။ ကိုယ်တိုင်လည်း တခါမှမရောက်ဖူးဘူး ။ အဲဒါနဲ့ပဲ အင်းလေး ကို ဒီနှစ်ထဲသွားဖို့ စီစဉ်ဖြစ်သွားတယ် ။

ကျန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ်လောက်က ဆွဲထားတဲ့ ပုံလေးတွေကို အင်းလေး ဓါတ်ပုံတွေမတင်ခင် တင်လိုက်ပါတယ် ။

Saturday 5 November 2011

ဟိုဟိုဒီဒီများ-၆ ( အီးဘွတ်များ ၊ ဘလော့များ ၊ အက်ဆေးများ )



ကျနော်တို့ မြန်မာစာရေးဆရာတွေ ၊ စာအုပ်သမားတွေဖတ်ကြတဲ့  The Best American Essays ဆိုတဲ့စီရီးတွဲလေးအကြောင်းကို သူငယ်ချင်းတယောက်က လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောပြတယ် ။


(Youtube, twitter, facebook) အသုံးများလာတဲ့ ကာလတွေမှာ စာအုပ်တွေ နဲ့ အီလက်ထရောနစ် အီးဘွတ်တွေ ဘယ်သူက ပိုပြီး နေရာယူလာကြမလဲ ။ ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်အားပေးမူ စတဲ့အကြောင်းအရာတွေကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေး စာအုပ် အမှာစာမှာရေးသားထားပါတယ် ။

အဲသည့်စီးရီး အယ်ဒီတာတွေထဲကတယောက်ဖြစ်တဲ့ Robert Atwan ကလည်း ၊ နောင် အီးဘွတ်တွေမှာ ဂန္တဝင် ဝတ္တုတွေကို အီလက်ထရောနစ် နည်းပညာနဲ့ထုတ်ဝေကြတဲ့အခါ အဲသည့်ဝတ္တုဇာတ်လမ်းနောက်ခံခေတ်ကာလက တေးဂီတတွေ ၊ ရောင်စုံ ဇိမ်ခံပစ္စည်းကြော်ငြာတွေ ၊ မှတ်တမ်းမှတ်ရာ ဓါတ်ပုံတွေ ၊ စာအုပ်ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မယ့် လင့်တွေ ၊ စာအုပ်ကိုဖတ်နေရင်း အချင်းချင်း ဆက်သွယ် အမြင်ဖလှယ် ဆွေးနွေးနိုင်မယ့် ချက်တင်လိုမျိုးတွေ ၊ မှတ်တမ်းရုပ်ရှင်တိုလေးတွေနဲ့ ဂန္တဝင်ဝတ္တုတွေကိုထုတ်ဝေလာခဲ့ရင် စာအုပ်ဖတ်သူဟာ စာအုပ်ကိုဖတ်နေရင်း ရုပ်ရှင်တကားကြည့်နေရသလို ၊ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ၊ မှတ်တမ်းရုပ်ရှင်တကားကို ကြည့်နေရသလို ၊ ချက်တင် လုပ်နေရသလို အခြေအနေမျိုးကိုတပြိုင်တည်းရရှိနိုင်မယ်လို့ ရေးသားထားပါတယ် ။ အဲသည့်အရေးအသားကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေးမိတ်ဆက်စာမှာဖတ်ရူ နိုင်တယ်လို့ သိရပါတယ် ။

(photojournalism) ဓါတ်ပုံများကို ကူးဆွဲထားသောပုံတချို့


ဒီပုံတွေကို ကမ္ဘာကျော် ဓါတ်ပုံဆရာကြီးတွေရဲ့ ဓါတ်ပုံတွေကို အခြေခံပြီး ရေးဆွဲထားပါတယ် ။ ပုံတွေရဲ့ နောက်ခံကို (photoshop) နဲ့ သူငယ်ချင်းတယောက်ကပြင်ထည့်ပေးပါတယ် ။

Yan Pei Ming

တရုတ်ပြည်မှ ခေတ်ပြိုင်ပန်းချီဆရာ Yan Pei Ming    ရဲ့ လက်ရာတွေကို ကျနော်ကြိုက်ပါတယ် ။ သူ့ အကြောင်း  Youtube  ပေါ်မှာ ဗီဒီယို ကလစ်တွေရှိပါတယ် ။ တခု က အဖြူအမည်း နဲ့ ရိုက်ထားတဲ့ ဗီဒီယို (youtube video) ၊ နောက်တခုက ( Landscape of Children) ဆိုတဲ့ ဗီဒီယိုဖြစ်ပါတယ် ။


တဂိုး ( ကဗျာစာအုပ် အဖုံးများ)




ဝတ္ထုတိုဆရာ ပိုင်ကျွမ်း စာအုပ် နှင့် ပန်းချီဆရာ ပိုပို ရဲ့ လက်ရာ



အားမန်သစ် စာအုပ်တိုက်က ထုတ်ဝေခဲ့တဲ့ ဝတ္ထုတို ဆရာ ပိုင်ကျွမ်း ရဲ့ စာအုပ် အဖုံး နဲ့ အတွင်းပုံတွေကို ပန်းချီဆရာ ပိုပို ကရေးဆွဲထားတယ် ။ သူရေးဆွဲထားတဲ့ လက်ရာတွေက မိုက်တယ် ။

Random photo

အော့ချတ်လမ်းမပေါ်မှာ