Sunday 22 January 2012

ပန်းချီ (ကို)နေမျိုးဆေး ရဲ့၁၉၉၉ ခုနှစ်က ပြပွဲဖိတ်စာ


ပန်းချီဆရာ (ကို) နေမျိုးဆေး ရဲ့ ပန်းချီကားကို ပထမဆုံးတွေ့ဖူးတာ ရန်ကုန်ဗြိတိသျှသံရုံး စာကြည့်တိုက်က စာဖတ်ခန်းနေရာမှာဖြစ်ပါတယ် ။ William Turner ရဲ့  ပုံလို့မှတ်မိနေပါတယ် ။ ဒုတိယတကြိမ် သူ့ပန်းချီကားတွေကို တစုတဝေးတည်း  အများဆုံးတွေ့ဖူးတာက ပန်းဆိုးတန်းလမ်းက လောကနတ်ပန်းချီပြခန်းဖြစ်ပါတယ် ။ အဲသည့်မှာ သူပြပွဲလုပ်နေတာပါ ။

ကျနော်က သူငယ်ချင်းတယောက်နဲ့ အဲသည့်ဘက်ကိုရောက်တဲ့ အချိန် သူ့ပြပွဲကိုတွေ့တော့ လောကနတ်ပြခန်းပေါ်တက်ကြည့်ကြတာပါ ။ ( အဲဒီ တိုက်ကလှေကားက သံ နဲ့လုပ်ထားတဲ့လှေကားလို့ထင်တယ် ။ ) အဲဒီပြပွဲမှာ ဝေတဲ့ ပြပွဲဖိတ်စာ ကို ကျနော်တို့နစ်ယောက်ယူခဲ့တာပါ ။ ကျနော့်ဝါသနာထဲကတစ်ခုကတော့ အဲဒီလိုမျိုးဖိတ်စာ ၊ လက်မှတ် ၊ လက်မှတ်ထိုးထားတဲ့ အနုပညာပစ္စည်း  ၊ ပန်းချီကား ၊ ပန်းပု စတာတွေကိုစုဆောင်းတာပါ ။ ( ပန်းချီကားကောင်းကောင်းကတော့ မဝယ်နိုင်သေးပါး) ။ အတွင်း နဲ့ နောက်ကျောဘက် ပုံကိုပါတင်ထားပါတယ် ။ အလယ်လို့မှတ်မိနေတဲ့ (ခန့်မှန်းခြေ ၃ပေ ၊ ၂ပေ အရွယ်အစားရှိတဲ့ အဲဒီပြပွဲမှာပြမယ့်  ပန်းချီကားတွေကို ကြမ်းပြင်ပေါ်စီထားပြီး ၊ ပန်းချီကားတစ်ခုနဲ့ တစ်ခုကြားက ကျဉ်းမြောင်းတဲက နေရာလွတ်လေးပေါ်ကနေ (ခက်ခက်ခဲခဲ လေးဘက်ထောက်လုနီးပါး) လမ်းလျောက်နေတဲကပုံကတော့ ကျနော့်ဆီမှာမရှိတော့ပါ ။)







No comments:

Post a Comment