Thursday 31 May 2012

၂၀၁၂ အယုဒယ




အယုဒယ မြို့ဟောင်းတွင်းမှာရှိတဲ့ ဘုရား ၊ စေတီ တွေမှာရိုက်ထားတဲ့ဓါတ်ပုံတချို့ဖြစ်ပါတယ်။





အမှတ်တရ ပစ္စည်းများရောင်းသောဆိုင်မှ ခေါင်းလောင်း ။ ဘုရား ၊ စေတီပုထိုးများအတွင်းသို့ မဝင်ခင် ၊ ဘုရားဖူးများကို ဒစ်ဂျစ်တယ် ကင်မရာနဲ့ ဓါတ်ပုံရိုက်ပါတယ် ။ ဘုရားဖူးပြီးအပြန် ကားပေါ်ပြန်တက်ခါနီးတဲ့အခါ ပန်းကန်ပြားပေါ်မှာ အဝင်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံ ကို ပုံနှိပ်ပြီး  ပြန်ရောင်းပါတယ် ။ ဘတ် ၁၀၀ ပေးရင် အမှတ်တရ သိမ်းထားလို့ရပါတယ် ။





ဘုရားဝန်းတွင်းမှာတွေ့ရတဲ့ ကုလားထိုင်ဟောင်းတလုံး။



ဘုရားအဝင်အဝ ၊ တခါးမှာတွေ့ရတဲ့ ချိန်းကြိုး နဲ့ ရှေးဟောင်းအနုပညာလက်ရာများ ။




ကျန်ခဲ့တဲ့ နှစ်များမှာ အယုအယမြို့ကိုရေလွမ်းခဲ့ပါတယ် ။ ရေကျသွားချိန် မှာရေဘယ်လောက်တက်ခဲ့တယ်ဆိုတာ သိနို်င်တဲ့ ရေအမြင့်ကိုဖော်ပြနေတဲ့ အမှတ်အသား ၊ မြားအနီနဲ့ဒီဓါတ်ပုံမှာပြထားပါတယ် ။ လမ်းညွန်က ရေလျံတုန်းက အကြောင်းကို သေချာရှင်းပြပါတယ် ။ ဓါတ်ပုံဆရာတွေ ရေလျှံတုန်းရိုက်ထားတဲ့ ဓါတ်ပုံတွေကလည်း လန်းပါတယ် ။






ရေလျှံခဲ့သည့် ရေအမြင့် ။ မြားအနက်ဖြင့်ဒီဓါတ်ပုံမှာပြထားပါတယ် ။

No comments:

Post a Comment