Thursday 8 November 2012

ဘာလီပုံရိပ်များ - ၃



Uluwatu( Temple )မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို အခြေခံပြီးဆွဲထားတဲ့ပုံ ဖြစ်ပါတယ် ။ Uluwatu မှာ ညနေဘက် ၆ နာရီကပြမယ့် ဘာလီရိုးရာ ကက်ချပ် အက မစခင် ဓါတ်ပုံရိုက်တဲ့သူကလည်း အချိန်လုပြီး ဓါတ်ပုံရိုက်ကြတယ် ။ ပြီးတော့ ပွဲမစခင် ပွဲကြည့်စင်ဆီကို ခုံ နေရာဦးဖို့စောသွားတဲ့သူသွားကြတယ် ။  ပွဲကြည့်ခပေးရတယ် ။ ဘယ်လောက်ပေးရသလဲဆိုတာမမှတ်မိတော့ဘူး ။  အဲဒီနေရာတဝိုက်မှာ မျောက်တွေရှိတယ် ။ ခရီးသည်တွေဆီက ရေဘူးတွေ လုယူတာတွေ့ခဲ့ရတယ် ။ မျက်မှန်တို့ဦးထုတ်တို့လည်း လုတယ်လို့သိရတယ် ။ လိုချင်တာ လုဖို့လိုင်စင်ရထားတဲ့ပုံ ။း)


















ဟာနုမာန်ကို မီးရို့ပြီး သတ်တဲ့အခန်း ။ မီးပူတော့ မီးတောက်တွေကို ခြေထောက်နဲ့ကန်ထုတ်တဲ့အခန်း ။










No comments:

Post a Comment